ကမ္ဘာနှင့် တစ်ဝှမ်း နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရတဲ့သူတွေ များပြားနေဆဲဖြစ်ပြီး ထိုရောဂါဟာ
အချိန်ကြာလာတာနှင့် အမျှ အသက်အန္တရာယ်ပါရှိတဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။
မိမိခန္ဓာကိုယ်ရဲ့ ယိုယွင်းပြောင်းလဲမှုများကို သတိထားပါ၊ ကျန်းမာရေး စစ်ဆေးပါ၊ စောစီးစွာ သိရှိပြီး စနစ်တကျ ကုသမှု ခံယူမှသာလျှင် ဝေဒနာခံစားရခြင်း၊ ရောဂါအဆင့် ဆိုးရွားလာခြင်း၊ ရောဂါကြောင့် သေဆုံးမှု နှုန်းတွေကို ကာကွယ်နိုင်မှာ ဖြစ်တာကြောင့် -
- ကျောက်ကပ် နှင့် ပတ်သက်တဲ့ ခန္ဓာကိုယ် လုပ်ငန်းဆောင်တာများ အတွက် အရေးပါပုံ၊
- ကျောက်ကပ်မကောင်းရင် ဘယ်လိုဝေဒနာတွေ ခံစားရပြီး ဘာရောဂါတွေ ဖြစ်တတ်သလဲ၊
- ကျောက်ကပ်လေး ကျန်းမာရေးကောင်းနေအောင် ဘာတွေဆောင်ပြီး ဘာတွေ ရှောင်သင့်သလဲ…….စသဖြင့် အများပြည်သူများ Awareness ဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့ကျရောက်သော World Kidney Day 2023 အထိမ်းအမှတ်နေ့လေးအား ဂုဏ်ပြုအပ်ပါတယ်။
ဒါ့ကြောင့် ကျောက်ကပ်ကျန်းမာရေး ကောင်းနေအောင် -
- ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝစွာနေပါ။
- ဆိုဒီယမ်ဓာတ် များပြားစွာ ပါဝင်သော ဆား၊ ငံပြာရည်၊ ဟင်းချိုမှုန့်၊ ကြက်သားမှုန့် တို့ကို ကန့်သတ် စားသုံးပေးပါ။
- အငံဓာတ် များလွန်းသော အစားအသောက်များကို ရှောင်ပါ။
- အသားဓာတ် များစေသော အစားအစာများကိုသာ ရွေးချယ် စားသုံးပေးပါ။
- သွေးတိုးရောဂါအတွက် ဆေးကို နေ့စဥ် တစ်ရက်မပြတ် မှီဝဲခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းသိမ်းပါ။
- ဆေးလိပ်မသောက်ပါနှင့်၊ အရက်ကို လျော့သောက်ပါ။
- ဆီးသွားရတာမှာ အခက်အခဲရှိတယ်၊ ဆီးရောင် သံသယရှိတယ်၊ ထစ်ခနဲရှိ မောပန်းလွယ်တယ်၊ မျက်နှာအမ်းနေတတ်တယ်၊ ခြေထောက်တွေ ဖောနေတယ် ဆိုပြီး သတိထားမိတာနဲ့ ကျောက်ကပ်ရောဂါ အထူးကုဆရာဝန်ကြီးများနှင့် ချက်ချင်း ဆွေးနွေး ပြသပါ။
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Specialties
24 hour services
Centers & Clinics