၂၀၂၂ အတွက် World Patient Safety Day လေး မှာ သတိထားမိစေချင်တဲ့၊ Highlight လုပ်ပြထားတဲ့ အကြောင်းအရာလေးကတော့ - Medication Safety- Achieving medication without harmပဲ ဖြစ်ပါတယ်။
ပထမဦးစွာ Healthcare Providersတွေ အနေနဲ့ Patient တွေနဲ့ သင့်တင့် ကိုက်ညီပြီး အမှန် တကယ်အကျိုးရှိစေတဲ့ ဆေးကို သေချာ ရွေးချယ်ပြီး ပေးရမယ်။
- လူနာအတွက် အန္တရာယ်ရှိမယ့်ဆေး ၊ ရေရှည်မှာ ဆိုးကျိုးများစွာ သက်ရောက် ခံစားရစေမယ့် ဆေးမျိုးဆို ရှောင်ရမယ်။
- ကိုယ်ပေးလိုက်တဲ့ ဆေးရဲ့ name, dose, route, frequency, interval မှန်ကန်စွာ သတ်မှတ် ပေးရပါမယ်။
- ပေးတဲ့ အခါမှာလည်း ကိုယ်ပေးလိုက်တဲ့ ဆေးအကြောင်း လူနာသေချာ နားလည်သွားအောင် ရှင်းပြပေးရပါမယ်။
- ဘာ့ကြောင့် ဒီဆေးကို အသုံးပြုရကြောင်း၊ ဘယ်လို ရောဂါလက္ခဏာတွေ သက်သာသွားမည် ဖြစ်ကြောင်း၊ အချိန်မှန်၊ ရက်မှန် အသုံးပြုဖို့ အရေးကြီးကြောင်း၊ ဒီဆေးကို သောက်သုံးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရမည် ဖြစ်ကြောင်း၊ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးကတော့ ဘယ်လိုမျိုးတွေ ရှိလာနိုင်ကြောင်း.………စသဖြင့် မိမိပေးလိုက်တဲ့ ဆေးဟာ လူနာ သေချာ နားလည်သွားရမယ်၊ ဆိုးကျိုး တစုံတရာ မရှိစေဘဲ လူနာ အတွက် Safety ဖြစ်နေရပါမယ်။
တဖက်က လူနာရှင်တွေ အနေနဲ့လည်း
- မိမိ အသုံးပြုရတဲ့ ဆေးအကြောင်း သေချာ သိရမယ်။ အသုံးမပြုခင် သေချာ လေ့လာ ရမယ်။
- မိမိ ဆရာဝန် ညွှန်ကြားထားတဲ့ အတိုင်း တိကျစွာ လိုက်နာရမယ်။ ဆေးရဲ့ ပမာဏ၊ အသုံးပြုပုံ၊ ဘယ်နှနာရီ ခြားပြီးသောက်ရမယ်၊ ဘယ်နှရက်သောက်ရမယ် စသဖြင့် သေချာ နားလည်သဘောပေါက်ရမယ်။
- မသောက်သုံးခင် ဆေးတွေကို မှန်မမှန် သေချာ စစ်ရမယ် ၊ Expired Date သေချာစစ်ရမယ်။
- အခြေအမြစ်မရှိ၊ အမည်မရှိ၊ တိကျသေချာတဲ့ ညွှန်ကြားချက်မပါတဲ့ အလွယ်တကူ ရောင်းချ နေတဲ့ ဆေးဝါးများ အသုံးမပြုပါနှင့်၊ ပြင်ပမှာ အလွယ်တကူ ဝယ်ယူလို့ရနေတဲ့ စပ်ဆေးများ လုံးဝ အသုံးမပြုပါနှင့်။
- Healthcare Professionals တွေရဲ့ ညွှန်ကြားချက် မပါဘဲ ဆေးတွေကို မိမိ သဘောဆန္ဒ အတိုင်း မသောက်သုံးရပါ။
အနှစ်ချုပ်အနေနဲ့ ပြောရရင် Patient Safety ကို priority ထားပြီး ထိုကဲ့သို့ စနစ်တကျ လိုက်နာ ကုသ သွားခြင်းဖြင့် သာလွန်ကောင်းမွန်တဲ့ ကုသမှု ရလဒ်တွေကို ရရှိစေမှာ မလွဲဧကန်ပါ ။
ဒီစာလေး ဖတ်ပြီး World Patient Safety Day 2022 မှာ Medication Safetyနှင့် ပတ်သက်တဲ့ awareness လေး ရသွားပြီး အကျိုးကျေးဇူး တစုံတရာ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်
Specialties
24 hour services
Centers & Clinics